နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဖမ်းဆီးရမိခြင်း စာရင်းချုပ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်(Community Monitoring and Reporting System- CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာ (၁၉-၄-၂၀၂၁) မှ(၂၅-၄-၂၀၂၁)ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသောစာရင်းများအရ တရားမဝင် ကျွန်း (၂၀.၁၇၄၄) တန်၊ သစ်မာ (၁၁.၇၆၄၂)တန်၊ အခြား (၆၂.၉၉၁၃)တန်၊ စုစုပေါင်း (၉၄.၉၂၉၉) တန်၊ တရားခံ (၁၄)ဦး၊ ယာဉ်/ယန္တရား (၆)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီး ရမိမှုမှာ ၁၉-၄-၂၀၂၁ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၊ မကျည်း ချောင်း၏ အနောင်တောင်ဘက် (၁)မိုင်ခန့်အကွာမှ တရားမဝင်ကညင်ခွဲသားဆိုဒ်စုံ (၉၆) ချောင်း (၁၅.၀၉၀၈)တန်၊ စက်လှေ (၁)စီးအား တရားခံ (၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

date: 
Tuesday, April 27, 2021 - 14:00