၂၆-၄-၂၀၂၁ ရက်နေ့မှ ၂-၅-၂၀၂၁ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သောစာရင်းများအရ တရားမဝင် ကျွန်း (၄၈.၃၅၀၂)တန်၊ သစ်မာ (၄၃.၀၉၄၄)တန်၊ အခြား (၅၆.၂၀၅၂)တန်၊ စုစုပေါင်း(၁၄၇.၆၄၉၈)တန်၊ တရားခံ(၂၅)ဦး၊ ယာဉ်/ယန္တရား(၁၅)စီး ဖမ်းဆီး ရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၉-၄-၂၀၂၁ ရက်နေ့တွင် တနင်္သာရီတိုင်း‌ ဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဝဲကျွန်းကျေးရွာအနောက်မြောက်ဘက် (၄)မိုင်ခန့်အကွာ၊ ဒူးယားကျွန်း (ဒေသအခေါ်)ပန်းထောင်းကျွန်းပေါ်မှ တရားမဝင် ကညင်/တောင်လန်းဖဲ/ဟင်းချို ရိုင်းခွဲသား (၁၄၃)ချောင်း (၁၃.၀၈၇၆)တန်၊ လက်ကိုင်စက်လွှ(၁)လက်၊ တရားခံ(၁)ဦး ဖမ်းဆီး ရမိမှု ဖြစ်ပါသည်-

date: 
Wednesday, May 5, 2021 - 09:30