၃၀-၈-၂၀၂၁ ရက်နေ့မှ ၅-၉-၂၀၂၁ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ပြည်နယ်၊ သစ်တောဦးစီးဌာန များမှ ပေးပို့လာသောစာရင်းများအရ တရားမဝင် ကျွန်း (၇၃.၇၉၁၀)တန်၊ သစ်မာ (၁၈.၆၃၇၀)တန်၊ အခြား (၆၂.၄၂၆၈)တန်၊ စုစုပေါင်း (၁၅၄.၈၅၄၈)တန်၊ တရားခံ (၁၇)ဦး၊ ယာဉ်/ယန္တရား (၁၅)စီး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၅-၉-၂၀၂၁ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ-ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးသစ်ဆိပ်အနီး ချင်းတွင်းမြစ်ကမ်းဘေးအကွာမှ တရားမဝင် ကျွန်းသစ်(၁၅)လုံး (၁၁.၂၄၀၀)တန်၊ အခြားသစ် (၂၈)လုံး (၂၅.၃၅၈၀)တန်၊ စုစုပေါင်း (၄၃)လုံး (၃၆.၅၉၈၀)တန်၊ တရားခံ(၁)ဦးနှင့် ဟွန်ဒါစက်(၁)လုံး ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date: 
Wednesday, September 8, 2021 - 11:00