၁၃-၉-၂၀၂၁ ရက်နေ့မှ ၁၆-၉-၂၀၂၁ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသောစာရင်းများအရ တရားမဝင် ကျွန်း (၃၁.၃၉၁၆)တန်၊ သစ်မာ (၂.၁၉၀၂)တန်၊ အခြား (၆၅.၅၉၅၀)တန်၊ စုစုပေါင်း (၉၉.၁၇၆၈)တန်၊ တရားခံ (၃၇)ဦး၊ ယာဉ်/ယန္တရား (၁၄)စီး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၅-၉-၂၀၂၁ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မံထုံကျေးရွာအနီးမှ တရားမဝင် ကညင်ခွဲသား (၄၁၇)ချောင်း (၁၈.၂၃၁၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

date: 
Tuesday, September 21, 2021 - 16:30