၂၀-၉-၂၀၂၁ ရက်နေ့မှ ၂၆-၉-၂၀၂၁ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသောစာရင်းများအရ တရားမဝင် ကျွန်း (၃၄.၃၅၁၄)တန်၊ သစ်မာ (၁၄.၃၉၇၆)တန်၊ အခြား (၂၀.၃၅၂၄)တန်၊ စုစုပေါင်း (၆၉.၁၀၁၄)တန်၊ တရားခံ (၂၂)ဦး၊ ယာဉ်/ယန္တရား (၁၆)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၁-၉-၂၀၂၁ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျွဲမကိုင်းဘိနယ်၊ ကဒင်ဘီးလင်းကြိုးဝိုင်း အကွက်အမှတ်(၁၉) နှင့် ဘန့်ဘွေးကုန်းဘိနယ်၊ မြောက် ဇာမရီကြိုးဝိုင်း အကွက်အမှတ်(၆၇)နေရာတို့မှ တရားမဝင် ကျွန်း/ မျောက်ငို/ ချဉ်ယုတ် သစ်လုံး (၁၆)လုံး (၁၁.၇၀၃၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါ
သည်-

date: 
Tuesday, September 28, 2021 - 14:15