၂၇-၉-၂၀၂၁ ရက်နေ့မှ ၃-၁၀-၂၀၂၁ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၂.၀၁၃၆)တန်၊ သစ်မာ (၁၈.၈၈၈၄)တန်၊ အခြား (၂၀.၀၆၆၄)တန်၊ စုစုပေါင်း (၈၀.၉၆၈၄)တန်၊ တရားခံ (၁၂)ဦး၊ ယာဉ်/ယန္တရား (၉)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၇-၉-၂၀၂၁ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ မြို့မဘိနယ်၊ ကျွဲကောကြီး ကျေးရွာ အရှေ့ဘက် (၂)မိုင်ခန့်အကွာ၊ မံမော်ကြိုးဝိုင်းအကွက်အမှတ်(၉၁)အတွင်း တို့မှ တရားမဝင် ကျွန်းသစ် (၁၆၁)လုံး (၂၃.၄၇၈၀)တန်၊ အင်ဂျင် (၂)လုံး၊ လွှဝိုင်း (၁)ဝိုင်းနှင့် ဆက်စပ်ပစ္စည်း (၅)ခုတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Tuesday, October 5, 2021 - 15:00