၁၁-၁၀-၂၀၂၁ ရက်နေ့မှ ၁၇-၁၀-၂၀၂၁ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၇၅.၉၇၇၇)တန်၊ သစ်မာ (၁၀.၃၇၅၇)တန်၊ အခြား (၂၉.၆၄၇၇)တန်၊ စုစုပေါင်း (၁၁၆.၀၀၁၁)တန်၊ တရားခံ (၄၅)ဦး၊ ယာဉ်/ယန္တရား (၁၈)စီး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၅-၁၀-၂၀၂၁ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ နမ့်စန်ဘိနယ်၊ နမ့်တိန်းချောင်းအနီးမှ တရားမဝင် ကျွန်းသစ်/ခွဲသား (၉၁၇)လုံး/ချောင်း (၁၇.၅၃၄၂)တန်၊ လုံးပတ် ၃ပေအောက် ကျွန်းသစ် (၃၄)လုံး (၂.၅၈၀၀)တန်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Monday, October 25, 2021 - 11:15