၁၅-၁၁-၂၀၂၁ ရက်နေ့မှ ၂၁-၁၁-၂၀၂၁ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃၇.၇၅၉၂)တန်၊ သစ်မာ (၂၈.၅၈၉၃)တန်၊ အခြား (၃၅.၁၆၈၈)တန်၊ စုစုပေါင်း (၁၀၁.၅၁၇၃)တန်၊ တရားခံ (၅၃)ဦး၊ ယာဉ်/ယန္တရား (၂၅)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၂၁-၁၁-၂၀၂၁ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့၊ ကရသူရိမြို့နယ်၊ ကရသူရိဘိနယ်၊ တာဖတ်ဆီအုန်းစခန်းအနီးနေရာမှ တရားမဝင် ပိတောက်ခွဲသား (၈၉)ချောင်း (၁၉.၄၇၉၈)တန်၊ ယာဉ်(၆)စီး၊ တရားခံ(၁၀)ဦး ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Wednesday, November 24, 2021 - 13:00