၂၉-၁၁-၂၀၂၁ ရက်နေ့မှ ၅-၁၂-၂၀၂၁ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၆၀.၆၃၃၈)တန်၊ သစ်မာ (၂၆.၅၆၃၄)တန်၊ အခြား (၅၃.၉၉၇၈)တန်၊ စုစုပေါင်း (၁၄၁.၁၉၅၀)တန်၊ တရားခံ (၃၄)ဦး၊ ယာဉ်/ယန္တရား (၂၂)စီး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၂-၁၂-၂၀၂၁ ရက်နေ့တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဘိနယ်(၂)၊ ရွှေဘိုမြို့အဝင်တောင်ဂိတ်၊ ရွှေဘို-မန္တလေးလမ်း၊ မြို့ရှောင်လမ်းအနီးမှ တရားမဝင် ကျွန်းခွဲသား (၂၁၅၆)ချောင်း (၂၁.၈၆၇၀)တန်၊ ယာဉ်(၂)စီး၊ တရားခံ(၅)ဦး ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Wednesday, December 8, 2021 - 09:45