၂၁-၂-၂၀၂၂ ရက်နေ့မှ ၂၇-၂-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၃.၆၆၆၀)တန်၊ သစ်မာ (၂၂.၂၄၅၂)တန်၊ အခြား (၁၁၁.၁၂၅၄)တန်၊ စုစုပေါင်း (၁၄၇.၀၃၆၆)တန်၊ တရားခံ (၁၉)ဦး၊ ယာဉ်/ ယန္တရား (၁၂)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၂-၂-၂၀၂၂ ရက်နေ့တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ဇင်ပြွန်းကုန်း/သစ်ပုတ်ကုန်းဘိနယ် ငဝန်မြစ်ကမ်းဘေးအနီး ပတ်ဝန်းကျင်နေရာများမှ တရားမဝင် ဘောင်ဆန့်ခွဲသား (၁၆၆)ချောင်း (၂၉.၉၁၆၆)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Friday, March 4, 2022 - 11:15