စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/ မြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
တမူးမြို့နယ်သစ်တောဦးစီးဌာနမှ ၆.၂.၂၀၂၅ ရက် (ကြာဿပတေး)နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် တမူးမြို့ “ဇေလူရည်ချွန်” ကိုယ်ပိုင်အထက်တန်းကျောင်း၌ “သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/ မြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”ကျင်းပပြုလုပ်ရာ တမူးမြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးမိုးကျော်သူမှ သစ်တောများထိန်းသိမ်းရေး ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့ လျော့ချရေးခေါင်းစဉ်များအလိုက် ဟောပြောခဲ့ပြီး ကျောင်းအုပ်ကြီးနှင့် အထက်တန်း(၁၀, ၁၁, ၁၂)တန်းမှ ကျောင်းသား/သူ စုစုပေါင်း(၄၅)ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပါကြောင်းနှင့် ဟောပြောပွဲအား (၁၀:၃၀)နာရီအချိန်တွင် ကျင်းပပြီးစီးပါကြောင်းသိရှိရပါသည်။


