အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ မျှတဆင်ခြင်ထုတ်သုံးလျှင် သစ်တောများ တည်မြဲထာဝစဉ်

မြန်မာနိုင်ငံသည် သစ်တောသယံဇာတများ အလွန်ကြွယ်ဝသောနိုင်ငံဖြစ်သည်။ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ၂၀၂၀ ခုနှစ် နိုင်ငံဧရိယာ၏ ၄၂.၁၉ ရာခိုင်နှုန်း သစ်တောများဖြင့် ဖုံးလွှမ်းလျှက်ရှိပြီး မတူကွဲပြားသော ဂေဟစနစ်အမျိုးမျိုးတွင် သစ်တော အမျိုးအစား စုံလင်စွာပေါက်ရောက်လျက်ရှိသည်။ မြန်မာနိုင်ငံ မြောက်ဖျားမှသည် တောင်ဖျား အထိ အအေးပိုင်း သစ်တောများ၊ ရွက်ပြတ်ရော နှောတောများ၊ အပူပိုင်းသစ်တောများ၊ အမြဲ စိမ်းတောများနှင့် ဒီရေတောများ စုံလင်စွာ ပေါက်ရောက်လျက်ရှိသည်။

date: 
Monday, March 21, 2022 - 16:15