သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ကျောက်စိမ်းရိုင်းတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆက်လက်တူးဖော် ထုတ်လုပ်ခွင့်မပြုပါကြောင်းအသိပေးကြေညာချက်

နိုင်ငံပိုင်ကျောက်မျက်ရတနာများကို သားစဉ်မြေးဆက် ရေရှည်သုံးစွဲနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့ အတွက် လုံးခင်း၊ ဖားကန့် ရတနာနယ်မြေနှင့် မော်လူး၊ မော်ဟန် ရတနာနယ်မြေတို့ရှိ ကျောက်စိမ်းရိုင်းတူးဖော်၊ ထုတ်လုပ်မှုလုပ်ငန်းများကို ဆက်လက်တူးဖော်ထုတ်လုပ်ခွင့်မပြုပါကြောင်း ၁၃၈၃ ခုနှစ် တန်ခူးလဆန်း ၁ ရက် ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်တွင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ
အသိပေးကြေညာအပ်ပါသည်။

date: 
Friday, April 8, 2022 - 10:00