သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation ကျင်းပ

(၁၇-၃-၂၀၂၅) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ဦးတင်မိုး(ဒုတိယညွှန်ကြားရေးမှူး၊ သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန)ကသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အစီအစဉ်အရ ဦးစီးအရာရှိ ဒေါ်ခင်ငြိမ်းစံ မှ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီယမ်ရိမြို့တွင်ပြုလုပ်သည့် (၄)ကြိမ်မြောက် အာရှဆင်ကျက်စားရာနိုင်ငံများဆိုင်ရာအစည်းအဝေးတက်ရောက်မှုအားလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဆုစန္ဒာအောင်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်ပြုလုပ်သည့် အင်ဒို-မြန်မာဒေသတွင်း ရမ်ဆာရေဝပ်ဒေသ ပူးပေါင်းဆောင်ရွက်မှု၏ အဌမအကြိမ်မြောက် ဦးစီးကော်မတီ အစည်းအဝေးနှင့်နှစ်ပတ်လည်အစည်းအဝေး တက်ရောက်မှုအားလည်းကောင်း၊ ဦးစီးအရာရှိ ဦးဝေယံကျော်မှ လာအိုနိုင်ငံ ၊ လွန်ပရာဘန်မြို့တွင် ပြုလုပ်သည့်တောမီးကြံ့ကြံ့ခိုင်နိုင်ခြင်း၊ ဒေသခံများ၏ လူမှုစီးပွါးနှင့် ဈေးကွက်ချိတ်ဆက်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်းအား ပြန်လည်ဆန်းစစ်သုံးသပ်ခြင်းဆိုင်ရာ အစည်းအဝေးတက်ရောက်မှုအားလည်းကောင်းအသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရပါသည်။

date: 
Monday, March 17, 2025 - 13:45