၂၀-၆-၂၀၂၂ ရက်နေ့မှ ၂၆-၆-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃၂.၄၂၀၆)တန်၊ သစ်မာ (၁၁.၈၉၀၀)တန်၊ အခြား (၂၈.၁၇၁၄)တန်၊ စုစုပေါင်း (၇၂.၄၈၂၀)တန်၊ တရားခံ (၃၀)ဦး၊ ယာဉ်/ယန္တရား (၁၅)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၆-၆-၂၀၂၂ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် အမှတ် (၁၃၁/၇)နေရာမှ တရားမဝင် ကညင်ခွဲသား (၄၁)ချောင်း (၆.၆၇၂၄) တန်နှင့် ယာဉ်(၁)စီးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Wednesday, June 29, 2022 - 10:15