နေပြည်တော်ကောင်စီ ဇဗ္မူသီရိခန်းမ၊နေပြည်တော်တွင်အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အခမ်းအနားကျင်းပ
အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အခမ်းအနားအား နေပြည်တော်ကောင်စီ ဇဗ္မူသီရိခန်းမ၊ နေပြည်တော်တွင် ၂၁.၃.၂၀၂၅ ရက်နေ့ (၀၂:၀၀)အချိန်တွင် ကျင်းပခဲ့ရာနေပြည်တော်ကောင်စီ ဥက္ကဌ ဦးသန်းထွန်းဦး နှင့် နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန်၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အဆင့် နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုစုပေါင်းအင်အား (၂၀၅)ဦးဖြင့်ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဌမှ မိန့်ခွန်းပြောကြားခြင်း၊ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ video clip ပြသခြင်း၊ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဌနှင့်တကွ တက်ရောက်လာ သည့် ဧည့်သည်တော်ကြီးများမှ ခင်းကျင်းပြသထားသည့် ပိုစတာများအား လှည့်လှည်ကြည့်ရှုရာ နေပြည်တော်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးမှ မေးမြန်းသည်များကို ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။






