ပဲခူးတိုင်းဒေသကြီးတွင် ၂၀၂၅ ခုနှစ်၊ မတ်လ(၂၁)ရက်နေ့တွင် ကျရောက်သော အပြည်ပြည် ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားအားကျင်းပ

၂၀၂၅ ခုနှစ်၊ မတ်လ(၂၁)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားအား ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ သီရိဟံသာခန်းမတွင် နံနက် (၀၈:၀၀)နာရီ ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးကြီးကြပ်ရေးအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများနှင့် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း (၁၇၉)ဦး တက်ရောက်ခဲ့ကြပါသည်။
- အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းအား ပြသခြင်း၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် ပိုစတာများ ခင်းကျင်းပြသခြင်းနှင့် တက်ရောက်လာသူများမှ လေ့လာကြည့်ရှုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။

date: 
Monday, March 24, 2025 - 18:45