၂၅-၇-၂၀၂၂ ရက်နေ့မှ ၃၁-၇-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၅၈.၇၉၄၂)တန်၊ သစ်မာ (၃၄.၀၄၀၈)တန်၊ အခြား (၁၂.၄၃၄၂)တန်၊ စုစုပေါင်း (၁၀၅.၂၆၉၂)တန်၊ တရားခံ (၃၃)ဦး၊ ယာဉ်/ယန္တရား (၁၇)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၆-၇-၂၀၂၂ ရက်နေ့တွင် မန္တလေး တိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ ကမ်းနား လမ်း၊ ရတနာဂီရိဂူကြီးကျောင်းတိုက်အတွင်းမှ တရားမဝင် ကျွန်းသစ်/ လုံးပတ်(၃)ပေ အောက်ကျွန်းသစ် (၂၆၅)လုံး (၂၃.၉၇၂၀)တန်အား တရားခံ (၁)ဦးနှင့်အတူ ဖမ်းဆီး ရမိမှုဖြစ်ပါသည်-

date: 
Tuesday, August 2, 2022 - 03:15