တနင်္သာရီတိုင်းဒေသကြီး၊သစ်တောဦးစီးဌာနမှကြီးမှူး၍ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့(International day of forests) အထိမ်းအမှတ် အခမ်းအနားကျင်းပ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊သစ်တောဦးစီးဌာနမှကြီးမှူး၍ ၂၁.၃.၂၀၂၅ရက်နေ့၊နေ့လည်(၁:၀၀)နာရီအချိန်တွင် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့(International day of forests) အထိမ်းအမှတ် အခမ်းအနားကို မြိတ်မြို့နယ်၊ မြိတ်တက္ကသိုလ်၊ ပုလဲသစ္စာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြိတ်တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ပါမောက္ခဆရာ/ဆရာမများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ မြိတ်ခရိုင်/မြို့နယ်မှ သစ်တောဝန်ထမ်းများ စုစုပေါင်း(၁၂၁)ဦးတက်ရောက်ခဲ့ပြီးအခမ်းအနားကို နေ့လည်(၂:၀၀)နာရီတွင်ရုတ်သိမ်းခဲ့ပါသည်။အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးမြတ်ကို က အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ ဂုဏ်ပြုအမှာစကားမြွတ်ကြားပြီး အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အထိမ်းအမှတ် ဗွီဒီယိုပြသခြင်းဆောင်ရွက်၍ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကခင်းကျင်းပြသထားသည့်အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ပိုစတာများကိုလှည့်လည်ကြည့်ရှုပါသည်။

date: 
Monday, March 24, 2025 - 18:45