၁၇-၃-၂၀၂၅ ရက်နေ့မှ ၂၅-၃-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၆.၉၀၁၂)တန်၊ သစ်မာ (၇.၄၃၉၄)တန်၊ အခြား (၁၀၈.၇၉၂၀)တန်၊ စုစုပေါင်း (၁၂၃.၁၃၂၆)တန်၊ ယာဉ်/ယန္တရား (၁၇)စီး၊ တရားခံ (၂၄)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၁-၃-၂၀၂၅ ရက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ မျက်နီကုန်းကျေးရွာ၊ ဆိပ်ကြီးခနောင်တိုလမ်းဘေး၊ ဦးမြင့်ဝေ၏ အိမ်တွင်းစက်ဝန်းအတွင်းမှ တရားမဝင် တောင်သရက်/သပြေခွဲသား (၁၆၈)ချောင်း (၃၂.၃၈၂၂)တန်၊ တရားခံ (၁)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်။



date:
Tuesday, March 25, 2025 - 13:30