ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေးဧရိယာအတွင်းမှ တရားမဝင်သစ်များဖမ်းဆီးရမိ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၈-၈-၂၀၂၂)ရက်နေ့မှ (၁၄-၈-၂၀၂၂) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း ၄၀.၆၂၁၀)တန်ဖမ်းဆီးရမိခဲ့ပါသည်။

date: 
Thursday, July 7, 2022 - 07:15