၅-၉-၂၀၂၂ ရက်နေ့မှ ၁၁-၉-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃၇.၆၄၈၀)တန်၊ သစ်မာ (၁၁.၂၀၅၄)တန်၊ အခြား (၆.၉၉၅၂)တန်၊ စုစုပေါင်း (၅၅.၈၄၈၆)တန်၊ တရားခံ (၁၈)ဦး၊ ယာဉ်/ယန္တရား (၁၁)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၆-၉-၂၀၂၂ ရက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာဘိနယ်၊ ဝါးတရာစက်မှုဇုံ၊ အောင်ချမ်းသာလမ်း၊ ဂိုဒေါင်အမှတ် (၃၅၁)အတွင်းမှ တရားမဝင် ကျွန်း/ပိတောက်ခွဲသား (၂၅၇)ချောင်း (၂၉.၀၂၃၆)တန်၊ ယာဉ် (၂)စီး၊ တရားခံ (၇)ဦး ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Tuesday, September 13, 2022 - 14:30