၁၂-၉-၂၀၂၂ ရက်နေ့မှ ၁၈-၉-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၆၃.၆၅၀၅)တန်၊ သစ်မာ (၂၅.၉၇၀၈)တန်၊ အခြား (၈၃.၁၃၁၈)တန်၊ စုစုပေါင်း (၁၇၂.၇၅၃၁)တန်၊ တရားခံ (၂၅)ဦး၊ ယာဉ်/ ယန္တရား (၉)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၇-၉-၂၀၂၂ ရက်နေ့တွင် ရခိုင် ပြည်နယ်၊ စစ်တွေခရိုင်၊ မင်းပြားမြို့နယ် (တွဲဘက်) ပေါက်တောမြို့နယ် အနောက် တောင်ဘက် (၁၀)မိုင်ခန့်အကွာ၊ အနောက်ရဲကျေးရွာအနီး၊ ဆင်တက်မော်မြစ်အတွင်း မှ တရားမဝင်ကညင်ခွဲသား (၆၀)တန်ခန့်၊ စက်လှေ (၃)စီး၊ တရားခံ (၆)ဦး ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Tuesday, September 20, 2022 - 13:45