၁၉-၉-၂၀၂၂ ရက်နေ့မှ ၂၅-၉-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၂၁.၉၃၂၈)တန်၊ သစ်မာ (၅.၇၆၆၄)တန်၊ အခြား (၂၅.၇၇၅၇)တန်၊ စုစုပေါင်း (၃၁)တန်၊ တရားခံ (၃၁)ဦး၊ ယာဉ်/ ယန္တရား (၃၁)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၀-၉-၂၀၂၂ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းဘိနယ်၊ ရှားပြင်ကြိုးဝိုင်း၊ အကွက် အမှတ် (၇၇)၊ ပေါင်းတည်မှ (၁၃)မိုင်ခန့်အကွာ၊ ပေါင်းတည်-ပေါက်ခေါင်း-အောင်လံ ခရိုင်ချင်းဆက်ကားလမ်း အနောက်ဘက် (၂)ဖာလုံခန့်အကွာနေရာမှ တရားမဝင် ကျွန်း သစ်လုံး/ခွဲသား/သစ်ခြမ်း (၃၀၉)လုံး/ချောင်း/ခြမ်း (၅၁.၈၉၁၀)တန်၊ လွှဝိုင်း (၂)ဝိုင်းနှင့် ဆက်စပ်ပစ္စည်း(၃)မျိုး၊ ငါးမန်းလွှ (၁)ချောင်း တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရ မိမှု ဖြစ်ပါသည်-

date: 
Wednesday, September 28, 2022 - 11:15