၃-၁၀-၂၀၂၂ ရက်နေ့မှ ၉-၁၀-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃၁.၃၉၆၄)တန်၊ သစ်မာ (၁၂.၆၈၆၈)တန်၊ အခြား (၈.၁၃၆၄)တန်၊ စုစုပေါင်း (၅၂.၂၁၉၆)တန်၊ ယာဉ်/ ယန္တရား (၂)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၇-၁၀-၂၀၂၂ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဘန့်ဘွေးကုန်းဘိနယ်၊ မြောက် ဇာမရီကြိုးဝိုင်း၊ အကွက်အမှတ်(၆၆၊ ၆၇၊ ၆၈) တို့အတွင်းမှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး သစ်လုံး/ခွဲသား (၂၃၉) လုံး/ချောင်း (၂၂.၂၇၀၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိမှု ဖြစ်ပါသည်-

date: 
Wednesday, September 14, 2022 - 21:45