၁၂-၁၂-၂၀၂၂ ရက်နေ့မှ ၁၈-၁၂-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃၃.၇၅၃၆)တန်၊ သစ်မာ (၁၃.၂၉၂၆)တန်၊ အခြား (၆၉.၇၄၈၈)တန်၊ စုစုပေါင်း (၁၁၆.၇၉၅၀)တန်၊ ယာဉ်/ ယန္တရား (၅)စီး၊ တရားခံ (၁၂)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၈-၁၂-၂၀၂၂ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကုန်းပြင်ဘိနယ်၊ ငါးသိုင်း ချောင်း-ဂွကားလမ်း၊ မိုင်တိုင်အမှတ် (၅/၀)၏ မြောက်ဘက် (၃)ဖာလုံခန့်အကွာ နွားစားကျက်ကွင်းအတွင်းမှ တရားမဝင် တောင်သရက်/ကညင် ခွဲသား (၂၂၃)ချောင်း (၃၂.၉၁၂၂)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Thursday, October 20, 2022 - 05:00