၁၉-၁၂-၂၀၂၂ ရက်နေ့မှ ၂၅-၁၂-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၂၅.၃၈၈၄)တန်၊ သစ်မာ (၄.၆၂၁၄)တန်၊ အခြား (၇၀.၃၄၅၅)တန်၊ စုစုပေါင်း (၂၀၀.၃၅၅၃)တန်၊ ယာဉ်/ ယန္တရား (၁၅)စီး၊ တရားခံ (၂၁)ဦး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၀-၁၂-၂၀၂၂ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကျွန်းကြားလေးချောင်း အတွင်းနှင့် အနီးဝန်းကျင်မှ တရားမဝင် ကျွန်းခွဲသား (၃၁၁)ချောင်း (၄၆.၈၇၁၀)တန်၊ ကရိန်း (၁)စီး၊ ဘက်ဟိုး (၁)စီး၊ စက်လှေ (၁)စီးတို့အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Wednesday, October 26, 2022 - 10:30