၂၆-၁၂-၂၀၂၂ ရက်နေ့မှ ၁-၁-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၃.၅၉၂၆)တန်၊ သစ်မာ (၄.၉၇၄၄)တန်၊ အခြား (၄၀.၀၁၅၂)တန်၊ စုစုပေါင်း (၅၈.၅၈၂၂)တန်၊ ယာဉ်/ ယန္တရား (၃)စီး၊ တရားခံ (၆)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၇-၁၂-၂၀၂၂ ရက်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် (ပူးတွဲ) ပင်လောင်းမြို့ နယ်၊ လွှဲကြီးဘိနယ်၊ ပေါင်းလောင်းကြိုးဝိုင်း၊ အကွက်အမှတ် (၁၇၂၊ ၁၇၃)အတွင်းမှ တရားမဝင် ကညင်/ သစ်အယ်/ အုံတုံ/ သပြေ/ စကားဝါ/ သစ်ယား သစ်လုံး (၃၀)လုံး (၁၅.၃၅၂၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Friday, November 4, 2022 - 05:00