သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော သုတေသနလက်ထောက်(၃) (လစာနှုန်းကျပ်၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀) ရာထူး (၅) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။

၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော သုတေသနလက်ထောက်(၃) (လစာနှုန်းကျပ်၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀) ရာထူး (၅) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
( ခ) သိပ္ပံဘွဲ့ တစ်ခုခုရရှိသူ ဖြစ်ရမည်၊
( ဂ) 3၁-၁-၂၀၂3 ရက်နေ့တွင် အသက်(၃၀)နှစ်ထက်မကြီးသူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက်မကြီးသူ ဖြစ်ရမည်။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဌာနအကြီးအမှူး၏ ခွင့်ပြုချက် တင်ပြရမည်၊
(ဃ) မဟာသိပ္ပံဘွဲ့ရရှိသူဖြစ်ပါက အသက်(၃၅)နှစ်ထက်မကြီးသူ ဖြစ်ရမည်၊
( င ) ကွန်ပျူတာအခြေခံသင်တန်းတက်ရောက်အောင်မြင်သူဖြစ်ရမည်၊
( စ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်၊
(ဆ) ပြစ်မှုပြစ်ဒဏ်ကင်းရှင်းကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ ထောက်ခံချက် ပေးအပ်သူ ဖြစ်ရမည်၊
( ဇ) အနည်းဆုံးလုပ်သက်တစ်ဆက်တည်း(၃)နှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
၃။ လျှောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူ အောက်ပါအထောက်အထားများ (pdf format ဖြင့် scan ဖတ်၍) ပူးတွဲလျက် [email protected] / [email protected] သို့ Online စနစ်ဖြင့်ဖြစ်စေ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ 2၅-1-၂၀2၃ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထား ရမည်-
(က) ဘွဲ့လက်မှတ်မိတ္တူ (စာမေးပွဲဖြေဆိုသည့်အခါ မူရင်းများတင်ပြရန်)၊
( ခ ) အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ (စစ်ဆေးသည့်အခါ အောင်လက်မှတ် မူရင်း တင်ပြနိုင်ရမည်)၊
( ဂ ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၆)လအတွင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ထောက်ခံထားသည့် ပြစ်မှု/မှုခင်း ကင်းရှင်းကြောင်းထောက်ခံချက်မူရင်း၊
(ဃ) ပြင်ပမှလျှောက်ထားသူများအတွက်အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ (စစ်ဆေးသည့်အခါတွင် မူရင်း တင်ပြနိုင်ရမည်)၊
( င ) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်မူရင်း၊
၄။ ရေးဖြေစာမေးပွဲကို အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ ဘာသာရပ်များ စစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းတို့ဆောင်ရွက်သွားမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲကို အောက်ဖော်ပြပါ အစီအစဉ် အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
စဉ် ဘာသာရပ် ဖြေဆိုမည့်နေ့ရက် အချိန်
၁ အင်္ဂလိပ်စာ ၂၈-၁-၂၀၂၃ (စနေနေ့) ၀၉ : ၀၀ နာရီ မှ ၁၁ : ၀၀ နာရီထိ
၂ အထွေထွေဗဟုသုတ ၂၈-၁-၂၀၂၃ (စနေနေ့) ၁၃ : ၀၀ နာရီ မှ ၁၅ : ၀၀ နာရီထိ
၅။ ရေးဖြေစာမေးပွဲဖြေဆိုမည့်နေရာ၊ စာမေးပွဲဖြေဆိုရန်အတွက် လျှောက်ထားသူတစ်ဦးချင်းစီ၏ စာမေးပွဲခုံနံပါတ်၊ လူတွေ့စစ်ဆေးမည့် နေ့ရက်၊ အချိန်၊ နေရာ တို့ကို သစ်တောဦးစီးဌာန၏ Website- www.forestdepartment.gov.mm နှင့် [email protected] / friyezinfd @gmail.com တို့တွင် ကြေညာပေးသွားမည်ဖြစ်ပါသည်။
၆။ စည်းကမ်းနှင့်မကိုက်ညီသော (သို့မဟုတ်) မပြည့်စုံသော (သို့မဟုတ်) သတ်မှတ်ရက်ထက် ကျော်လွန်မှ ရောက်ရှိလာသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။
၇။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်- ၀၆၇-၃၄၀၅403/ ၀၆၇-၃၄၀၅၁80 သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး လျှောက်လွှာပုံစံများကို သစ်တောဦးစီးဌာန၏ https://bit.ly/3CEk6ZZ တွင် download ရယူနိုင်ပါသည်။

သစ်တောဦးစီးဌာန

date: 
Monday, January 16, 2023 - 11:00