၁၆-၁-၂၀၂၃ ရက်နေ့မှ ၂၂-၁-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၅၀.၉၉၆၄)တန်၊ သစ်မာ (၄၇.၁၅၃၈)တန်၊ အခြား (၁၃၂.၆၁၄၂)တန်၊ စုစုပေါင်း (၂၃၀.၇၆၄၄)တန်၊ ယာဉ်/ ယန္တရား (၁၂)စီး၊ တရားခံ (၃၅)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၆-၁-၂၀၂၃ ရက်နေ့တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ဘောမိဘိနယ်၊ အိုးလုပ်ချောင်းလက်တက် မှ တရားမဝင် တောင်သရက်ခွဲသား (၄၃၃)ချောင်း (၄၇.၇၅၀၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Wednesday, January 25, 2023 - 10:00