သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော ပုံဆွဲ(၄) (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူး (၁) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။

၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော ပုံဆွဲ(၄) (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူး (၁) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
( ခ) သိပ္ပံ(သင်္ချာ)ဘွဲ့(သို့မဟုတ်)သိပ္ပံ(ဘူမိဗေဒ)(သို့မဟုတ်)ဝိဇ္ဇာ (ပထဝီ) ဘွဲ့ရရှိရမည်၊
( ဂ) 3၁-၁-၂၀၂3 ရက်နေ့တွင် အသက်(၃၀)နှစ်ထက်မကြီးသူ၊ နိုင်ငံ့ဝန် ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက်မကြီးသူ ဖြစ်ရမည်၊ နိုင်ငံ့ဝန် ထမ်း ဖြစ်ပါက သက်ဆိုင်ရာ ဌာန အကြီးအမှူး၏ ခွင့်ပြုချက် တင်ပြ ရမည်၊
(ဃ) မဟာဘွဲ့ရပြီးသူများအတွက် အသက်(၃၅)နှစ်ထက်မကြီးသူ ဖြစ်ရ မည်၊
(င) ကွန်ပျူတာအခြေခံသင်တန်းတက်ရောက်အောင်မြင်ပြီးသူဖြစ်ရမည်၊ (အောင်လက်မှတ်မူရင်းတင်ပြရမည်)
( စ) ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်အင်္ဂါပြည့်စုံသန်စွမ်း၍ ဒေသမရွေး တာဝန်ထမ်း ဆောင်နိုင်သူဖြစ်ရမည်၊
( ဆ) ပြစ်မှုပြစ်ဒဏ်ကင်းရှင်းကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ ထောက်ခံချက် ပေးအပ်သူ ဖြစ်ရမည်၊
(ဇ) အနည်းဆုံးလုပ်သက်တစ်ဆက်တည်း(၃)နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
၃။ လျှောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူ တစ်ဖက်ဖော်ပြပါအထောက်အထားများ (pdf format ဖြင့် scan ဖတ်၍ ) ပူးတွဲလျက် [email protected] / [email protected] သို့ Online စနစ်ဖြင့်ဖြစ်စေ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေး ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ ၂၃-၂-၂၀2၃ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်-
(က) ဘွဲ့လက်မှတ်မိတ္တူနှင့် ကွန်ပျူတာအခြေခံသင်တန်းအောင်လက်မှတ်မိတ္တူ (စာမေးပွဲဖြေဆိုသည့်အခါ မူရင်းများတင်ပြရန်)၊
( ခ ) အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မိတ္တူ (စစ်ဆေးသည့်အခါ အောင်လက်မှတ် မူရင်း တင်ပြနိုင်ရမည်)၊
( ဂ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၆)လအတွင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ထောက်ခံထားသည့် ပြစ်မှု/မှုခင်း ကင်းရှင်းကြောင်းထောက်ခံချက်မူရင်း၊
(ဃ) ပြင်ပမှလျှောက်ထားသူများအတွက်အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ (စစ်ဆေးသည့်အခါတွင် မူရင်း တင်ပြနိုင်ရမည်)၊
( င) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်မူရင်း။
၄။ ရေးဖြေစာမေးပွဲကို အထွေထွေဗဟုသုတ ဘာသာရပ် စစ်ဆေးခြင်း၊ ကွန်ပျူတာအခြေခံ ကျွမ်းကျင်မှုစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းတို့ ဆောင်ရွက်မည်ဖြစ်ပြီး ရေးဖြေစာမေးပွဲ နှင့် ကွန်ပျူတာကျွမ်းကျင်မှုစစ်ဆေးခြင်းကို အောက်ဖော်ပြပါအစီအစဉ်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ရာ ရေးဖြေစာမေးပွဲအတွက် ကြိုတင်လေ့လာထားရှိရမည့် အကြောင်းအရာများကို ပူးတွဲဖြင့် ဖော်ပြထားပါသည်-
စဉ် ဘာသာရပ် ဖြေဆိုမည့်နေ့ရက် အချိန်
၁ အထွေထွေဗဟုသုတ ၂၅-၂-၂၀၂၃ (စနေနေ့) ၀၉ : ၀၀ နာရီ မှ ၁၁ : ၀၀ နာရီထိ
၂ ကွန်ပျူတာကျွမ်းကျင်မှု
စစ်ဆေးခြင်း ၂၅-၂-၂၀၂၃ (စနေနေ့) ၁၂ : ၀၀ နာရီ မှ ၁၃ : ၀၀ နာရီထိ
၅။ ရေးဖြေစာမေးပွဲဖြေဆိုမည့်နေရာ၊ စာမေးပွဲဖြေဆိုရန်အတွက် လျှောက်ထားသူတစ်ဦးချင်းစီ၏ စာမေးပွဲခုံနံပါတ် နှင့် လူတွေ့စစ်ဆေးမည့် နေ့ရက်၊ အချိန်၊ နေရာ တို့ကို သစ်တောဦးစီးဌာန၏ Website- www.forestdepartment.gov.mm နှင့် Facebook Page - Forest Department Myanmar တို့တွင် ကြေညာပေးသွားမည်ဖြစ်ပါသည်။
၆။ စည်းကမ်းနှင့်မကိုက်ညီသော (သို့မဟုတ်) မပြည့်စုံသော (သို့မဟုတ်) သတ်မှတ်ရက်ထက် ကျော်လွန်မှ ရောက်ရှိလာသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။
၇။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်- ၀၆၇-၃၄၀၅403/ ၀၆၇-၃၄၀၅၁80 သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး လျှောက်လွှာပုံစံများကို သစ်တောဦးစီးဌာန၏ https://bit.ly/3CEk6ZZ တွင် download ရယူနိုင်ပါသည်။
သစ်တောဦးစီးဌာန

ပုံဆွဲ(၄)/လျှပ်စစ်ကျွမ်းကျင်(၄) ရာထူးနေရာများအတွက် လေ့လာထားရမည့် ဘာသာရပ်အကြောင်းအရာများကြေညာခြင်း
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ပုံဆွဲ(၄)/ လျှပ်စစ်ကျွမ်းကျင်(၄) ရာထူးနေရာအတွက် လျှောက်ထားသူများ အနေဖြင့် အထွေထွေဗဟုသုတ ဘာသာရပ်(၁၀၀)မှတ် ရေးဖြေစာမေးပွဲဖြေဆိုရန် အောက် ဖော်ပြပါများ ကြိုတင်လေ့လာထားရှိပါရန် အသိပေးကြေညာအပ်ပါသည်-
စဉ် ဘာသာရပ် လေ့လာရမည့် အကြောင်းအရာ
၁ အထွေထွေဗဟုသုတ - နိုင်ငံ့ဝန်ထမ်းဥပဒေ အခန်း (၁)၊ (၄)၊ (၆)၊ (၁၁)၊ (၁၂)
- ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ပြန်ထား သည့် သိမှတ်ဖွယ်ရာဗဟုသုတအဖြာဖြာ(၂၀၂၂)စာအုပ်ပါ မြန်မာနိုင်ငံ၏ ပထဝီဝင်ဆိုင်ရာအချက်အလက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၊ အစိုးရဝန်ကြီးဌာနများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များ

သစ်တောဦးစီးဌာန

date: 
Thursday, February 9, 2023 - 15:45