၆-၂-၂၀၂၃ ရက်နေ့မှ ၁၂-၂-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၄.၄၇၈၆)တန်၊ သစ်မာ (၂၆.၇၉၆၆)တန်၊ အခြား (၇၆.၄၃၇၄)တန်၊ စုစုပေါင်း (၁၄၇.၇၁၂၆)တန်၊ ယာဉ်/ ယန္တရား (၅)စီး၊ တရားခံ (၁၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၁-၂-၂၀၂၃ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျွဲမကိုင်းဘိနယ်၊ တောင်ဇာမရီ ကြိုးဝိုင်း၊ အကွက်အမှတ် (၈၂)၊ ဘန့်ဘွေးကုန်းဘိနယ်၊ မြောက်ဇာမရီကြိုးဝိုင်း၊ အကွက်အမှတ် (၉၄၊ ၉၆)တို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး သစ်လုံး/ ခွဲသား/ လုံးပတ်(၃)ပေအောက်သစ် (၉၇)လုံး/ချောင်း (၂၂.၃၃၃၆)တန်၊ ချိန်းဆော (၁)လက် တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Wednesday, February 15, 2023 - 10:15