၂၀-၂-၂၀၂၃ ရက်နေ့မှ ၂၆-၂-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၇၇.၁၇၅၈)တန်၊ သစ်မာ (၃၁.၇၉၄၈)တန်၊ အခြား (၁၀၇.၆၉၀၂)တန်၊ စုစုပေါင်း (၂၁၆.၆၆၀၈)တန်၊ ယာဉ်/ ယန္တရား (၂၀)စီး၊ တရားခံ (၂၆)ဦး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၄-၂-၂၀၂၃ ရက်နေ့၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ လေးအိမ်တန်းကျေးရွာ တစ်ဖက်ကမ်း၊ ငဝန်မြစ်အတွင်း/ ခင်တန်အောက်စု တစ်ဖက်ကမ်း၊ ငဝန်မြစ်အတွင်း/ ညောင်ကုန်းရွာ အနီး၊ ငဝန်မြစ်အတွင်း/ စက်ဒေါင့်ကြီးကျေးရွာအနီး၊ ငဝန်မြစ်အတွင်း/ ပေါက်လွတ် ကျေးရွာအနီး၊ ငဝန်မြစ်အတွင်း/ ညောင်မှော်ကျေးရွာ တစ်ဖက်ကမ်း၊ ငဝန်မြစ်အတွင်း တို့မှ တရားမဝင် ဘောင်ဆန့်ခွဲသား (၂၆၄)ချောင်း (၃၆.၆၆၇၆)တန် ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိမှုဖြစ်ပါသည်-

date: 
Wednesday, March 1, 2023 - 11:00