၂၇-၂-၂၀၂၃ ရက်နေ့မှ ၅-၃-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၀၀.၁၅၉၄)တန်၊ သစ်မာ (၅.၉၄၄၀)တန်၊ အခြား (၆၇.၇၂၉၀)တန်၊ စုစုပေါင်း (၁၇၃.၈၃၂၄)တန်၊ ယာဉ်/ ယန္တရား (၈)စီး၊ တရားခံ (၁၈)ဦး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၄-၃-၂၀၂၃ ရက်နေ့၊ မကွေးတိုင်း ဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ မြေမိရပ်ကွက်၊ အရှေ့ဘက် (၁)ဖာလုံခန့် အကွာ/ (၂)ဖာလုံခန့်အကွာ/ (၃)ဖာလုံခန့်အကွာ နေရာတို့မှ တရားမဝင် ကျွန်း/ သန်း/ ထနောင်း/ ဒီဒူး/ ဒဟတ်/ နဘဲ ခွဲသားစုစုပေါင်း (၃၉၀)ချောင်း (၃၃.၈၅၅၂)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Tuesday, March 7, 2023 - 15:00