၁၇-၄-၂၀၂၃ ရက်နေ့မှ ၂၃-၄-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၅၁.၃၁၈၈)တန်၊ သစ်မာ (၂၄.၇၈၆၇)တန်၊ အခြား (၂၁၉.၄၀၉၈)တန်၊ စုစုပေါင်း (၂၉၅.၅၁၅၃)တန်၊ ယာဉ်/ ယန္တရား (၉)စီး၊ တရားခံ (၂၅)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၀-၄-၂၀၂၃ ရက်နေ့၊ ကချင်ပြည် နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးကောင်းမြို့နယ်၊ မိုးကောင်းဘိနယ်၊ ခွေးဟော်ကျေးရွာအနီး မှ တရားမဝင် မအူ/ စကားဝါ/ ကြေးလံ/ လောက်ယား/ ခလောင်/ ကညင် သစ်လုံး/ ခွဲခြမ်း (၁၄၅)လုံး/ခြမ်း (၁၁၅.၇၇၀၀)တန်၊ လွှဝိုင်း (၁)ဝိုင်း၊ အင်ဂျင် (၁)လုံး၊ ရှပ်တန်း (၁)ခု၊ ပူလီ (၁)ခု၊ ဒလိမ့်တုံး (၂)ခု၊ ထော်လီဘီး (၂)ခု တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

date: 
Wednesday, April 26, 2023 - 04:00