၂၄-၄-၂၀၂၃ ရက်နေ့မှ ၃၀-၄-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၂.၈၆၀၆)တန်၊ သစ်မာ (၄.၇၃၃၂)တန်၊ အခြား (၉၅.၂၃၆၈)တန်၊ စုစုပေါင်း (၁၁၂.၈၃၀၆)တန်၊ ယာဉ်/ ယန္တရား (၂)စီး၊ တရားခံ (၄)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၉-၄-၂၀၂၃ ရက်နေ့၊ ရခိုင်ပြည် နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မုတ်ဘိနယ်၊ ကမ်းဒေးချောင်းဘေးမှ တရားမဝင် စကားဝါခွဲသား (၁၇၅)ချောင်း (၁၈.၅၇၈၆)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

date: 
Tuesday, May 2, 2023 - 16:30