၁-၅-၂၀၂၃ ရက်နေ့မှ ၇-၅-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၀၁.၅၁၀၃)တန်၊ သစ်မာ (၂၀.၄၉၁၁)တန်၊ အခြား (၇၃.၃၉၀၈)တန်၊ စုစုပေါင်း (၁၉၅.၃၉၂၂)တန်၊ ယာဉ်/ ယန္တရား (၇)စီး၊ တရားခံ (၂၆)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂-၅-၂၀၂၃ ရက်နေ့၊ မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ မြို့မဘိနယ်၊ ပေသောင်ကျေးရွာ အတွင်းမှ တရားမဝင် ကျွန်း/ အင်/ နှော သစ်လုံး/ ခွဲသား/ လုံးပတ်၃ပေအောက်သစ် (၁၅၆၅) လုံး/ ချောင်း (၁၀၇.၀၃၆၄)တန်၊ တရားခံ(၃)ဦး ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Tuesday, May 9, 2023 - 16:45