တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ခိုးယူထုတ်လုပ်မှုများအား ဖမ်းဆီးအရေးယူခြင်းလုပ်ငန်းများဆောင်ရွက်ရန် သတင်းပေးပို့ဆက်သွယ်တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များနှင့် Facebook,Messenger တို့ကိုအသိပေးကြေညာခြင်း

သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့သစ်တောမူဝါဒနှင့်အညီ သစ်တောသယံဇာတများ ထာဝစဉ် တည်တံ့စေရန်နှင့် တရားမဝင် သစ်နှင့်သစ်တောထွက်ပစ္စည်းခိုးယူထုတ်လုပ်မှုများ လျော့နည်း ပပျောက်စေရေးတို့အတွက် တရားမဝင်သစ်ခိုးထုတ်မှုများ တားဆီးထိန်းချုပ်ကာကွယ်နိုင်ရန် တာဝန်သိပြည်သူများ၏သတင်းပေးပို့ချက်ရယူ၍ ကွင်းဆင်းဖော်ထုတ် ဖမ်းဆီးအရေး ယူခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းခိုးယူထုတ်လုပ်သယ်ဆောင်မှုများ တွေ့ရှိပါက “Forest Department Myanmar Facebook Page” ၏ “Messenger” တွင် စာ၊ ဓါတ်ပုံ၊ မြေပုံများဖြင့်လည်းကောင်း၊ အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ စာ {SMS (သို့မဟုတ်) Viber}ဖြင့်လည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း ဆက်သွယ်၍ တိုင်ကြားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

၀၉-၄၀၃၂၇၃၃၇၆
၀၉-၅၀၂၃၂၂၆

date: 
Friday, May 12, 2023 - 15:30