ရှမ်းပြည်နယ်(မြောက်ပိုင်း)၊သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေး ဆိုင်ရာ (ပြည်နယ်အဆင့်)အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သစ်တောဦးစီးဌာနမှ ကြီးမှူး၍ (၁၁-၁၁-၂၀၂၅)ရက်နေ့ (၁၃:၃၀)နာရီအချိန်တွင် လားရှိုးမြို့၊ ပြည်နယ်သစ်တောဝင်း၊ ချယ်ရီရိပ်သာရှင်းလင်းဆောင်၌ "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ (ပြည်နယ်အဆင့် )အသိပညာပေးဟောပြောပွဲ " ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) အဖွဲ့ဝင် ဦးစိုင်းဝင်းနောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊သစ်တောဦးစီးဌာန၊ တွဲဖက်ပြည်နယ်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမိုးမှ "သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ" သိကောင်းစရာများကို ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များအား မေးမြန်းမှုများအပေါ် ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမိုးမှ ပြန်လည်ရှင်းလင်းဖြေကြားခဲပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများအား ကျောင်းအသုံးအဆောင်ပစ္စည်းများ အမှတ်တရ လက်ဆောင် ပေးအပ်ခဲ့ပါသည်။ ဟောပြောပွဲအခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ (ရှမ်းမြောက်) အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ ၊ မြို့ပေါ်ရပ်ကွက်(၁၂)ရပ်ကွက်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ဆရာ/ဆရာမ နှင့် ကျောင်းသား/သူများ၊ ဒေသခံပြည်သူများနှင့် သစ်တောဦစီးဌာနမှ ဝန်ထမ်းများ အပါအဝင် စုစုပေါင်း တက်ရောက်အင်အား (၁၂၅) ဦး ၊(ကျား ၁၀၈ ဦး+မ ၁၇ ဦး)တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

date: 
Wednesday, November 12, 2025 - 10:15