မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တောပြုစုထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ (မြို့နယ်အဆင့်)ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ေညာင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်သစ်တောဦးစီးဌာနမှ (၁၁-၁၁-၂၀၂၅)ရက်နေ့ (၁၁:၀၀)နာရီတွင် ေညာင်ဦးမြို့၊အထကကျောင်း ခန်းမ၌ “သစ်တောပြုစုထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ (မြို့နယ်အဆင့်)” ကျင်းပရာ ဆရာမ၊​ ကျောင်းသား၊ကျောင်းသူများ၊သစ်တောဝန်ထမ်းများစုစုပေါင်း (၁၃၇)ဦး တက်ရောက်ပါသည်။ အခမ်းအနားတွင် ညောင်ဦးခရိုင်၊ ေညာင်ဦးမြို့နယ်၊သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးသန့်ဇင်-၆ မှ သစ်တောသစ်ပင်များမှ ရရှိသည့်အကျိုးကျေးဇူးများ၊ သစ်တောပြုန်းတီး ခြင်းအကြောင်းအရင်းများ၊ သစ်တောပြုန်းတီးခြင်းကြောင့် ခံစားရမည့်ဆိုးကျိုးများ၊ သစ်တောသစ်ပင် ထိန်းသိမ်းရေးနှင့် သစ်တောများမီးလောင်မှုမရှိစေရန် ဆောင်ရွက်ရမည့်အချက်များ၊ မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာဗဟုသုတများနှင့် သစ်ပင်စိုက်ပျိုး ရေး၊သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အသိပညာပေး ဟောပြောခဲ့ပြီး အခမ်းအနားအား (၁၁:၀၀)နာရီတွင် ပြီးစီး ပါကြောင်း သတင်းရရှိသည်။

date: 
Wednesday, November 12, 2025 - 10:15