သစ်တောဦးစီးဌာန၊ ခရိုင်သစ်တောအရာရှိများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဥ် (၁၁) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

သစ်တောဦးစီးဌာန၊ ခရိုင်သစ်တောအရာရှိများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဥ် (၁၁) သင်တန်းဆင်းပွဲ အခမ်းအနားကို (၁၂-၁၂-၂၀၂၅)ရက် သောကြာနေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ရေဆင်း၊ သစ်တောသုတေသန၊ စုဝေးခန်းမ၌ ကျင်းပရာ သစ်တောဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးတက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားသည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် သစ်တောဦးစီးဌာနရှိ ခရိုင်အဆင့် သစ်တောအရာရှိများအား လုပ်ငန်းခွင်တွင် စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ဤသင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းမှပို့ချသည့် အကြောင်းအရာများသည် သင်တန်းသားများအတွက် အကျိုးကျေးဇူးများစွာ ရရှိစေပါကြောင်း၊ ဌာန၏ ခရိုင်အဆင့်ရှိ သစ်တောအရာရှိများအနေဖြင့် ပြောင်းလဲလာတဲ့ခေတ်စနစ်၊ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီလိုက်လျောညီထွေဆောင်ရွက်နိုင်ရမည်ဖြစ်ေကြာင်းနှင့် ဋ္ဌာနရဲ့အစဥ်အလာကောင်းများ၊ ဂုဏ်သိက္ခာကိုဆက်လက်ထိန်းသိမ်းကြရန် ပြောကြားသည်။ အစီအစဥ်အရ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းသားတစ်ဦးချင်းအား သင်တန်းဆင်းလက်မှတ်များအသီးသီး ပေးအပ်ချီးမြှင့်သည်။ သင်တန်းဆင်းပွဲအခမ်းအနားသို့ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ၊သင်တန်းဆရာများနှင့်သင်တန်းသားများတက်ရောက်သည်။ ရိုင်သစ်တောအရာရှိများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဥ် (၁၁) တွင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးအဆင့် သင်တန်းသား( ၂၁ ) ဦးတက်ရောက်ပြီး (၁-၁၂-၂၀၂၅) ရက်မှ (၁၂ -၁၂- ၂၀၂၅) ရက်ထိ ရက်သတ္တ နှစ်ပတ်ကြာ စာတွေ့လက်တွေ့ ပို့ချသင်ကြားခဲ့ကြောင်းသိရသည်။

date: 
Friday, December 12, 2025 - 14:45