နိုင်ငံဝန်ထမ်းတက္ကသိုလ်တွင် သစ်တောဦးစီးဌာနမှ တောအုပ်ကြီးရာထူးအဆင့် ဝန်ထမ်းများ ဆုများ ဆွတ်ခူးရရှိ

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ ဖောင်ကြီးတွင် ဖွင့်လှစ်သည့် အရာထမ်းငယ်သင်တန်းအမှတ်စဉ်(၁၃၅) တက်ရောက်ကြသည့် သစ်တောဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်မှ တောအုပ်ကြီး ဦးခန့်ဇော်ထက်သည် သင်တန်းသားစံပြဆုကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊လေ့ကျင့်ရေးနှင့်သုတေသနဖွံ့ဖြိုးရေးဌာနခွဲမှ တောအုပ်ကြီး ဦးထက်စွမ်းပြည့်သည် သင်တန်းသားဒုတိယဆုကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်မှ တောအုပ်ကြီး ဦးမျိုးမင်းဇော်သည် သင်တန်းသားတတိယဆုကိုလည်းကောင်း အသီးသီး ဆွတ်ခူးရရှိပြီး ထူးချွန်စွာအောင်မြင်ခဲ့ကြောင်း သိရသည်။

date: 
Friday, December 12, 2025 - 14:45