သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးရှိ ဌာနခွဲများ၏ (၇၈) ကြိမ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားလှုပ်ရှားမှု၊ အမျိုးသား ဘောလုံးပြိုင်ပွဲ ကျင်းပ

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးရှိ ဌာနခွဲများ၏ (၇၈) ကြိမ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားလှုပ်ရှားမှုအဖြစ် အမျိုးသား ဘောလုံးပြိုင်ပွဲများကျင်းပရာ ၁၅-၁၂-၂၀၂၅ ရက် နေ့လယ် ၁၄း၃၀ နာရီအချိန်တွင်ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်စဥ်(၃) ဘောလုံးကွင်း၌ အုပ်စု(က) ပွဲစဥ်မှ စစ်ဆေးရေးဌာနခွဲ+ဘဏ္ဍာရေးဌာနခွဲတို့၏ အပြာရောင်အသင်းနှင့် စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ၏ အဖြူရောင်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစား​ကြသည်။ ပွဲချိန်အပြီးတွင် စစ်ဆေးရေးဌာနခွဲ+ဘဏ္ဍာ ရေးဌာနခွဲတို့၏ အပြာရောင်အသင်းက စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲ၊ အဖြူရောင်အသင်းအား (၁၁) ဂိုး (၁) ဂိုး ရလဒ်ဖြင့် အနိုင်ရရှိကြောင်းသတင်းရရှိသည်။ အလားတူ အဆိုပါဘောလုံးကွင်း၌ ညနေ ၁၆း၀၀ နာရီအချိန်တွင် အုပ်စု(ခ) ပွဲစဥ်မှ စိုက်ခင်း+လုပ်ငန်းဌာနခွဲတို့၏အနီရောင် ဘောလုံးအသင်းနှင့် လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲ၏ အပြာရောင် ဘောလုံးအသင်းတို့ ဆက်လက်၍ အကြိတ်အနယ်ယှဥ်ပြိုင် ကစားကြရာ ပွဲအချိန်ပြီးမြောက်ချိန်တွင် လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲ၏ အပြာရောင် ဘောလုံးအသင်းက စိုက်ခင်း+လုပ်ငန်းဌာနခွဲတို့၏ အနီရောင် ဘောလုံးအသင်းအား ( ၇) ဂိုး (၁) ဂိုး ရလဒ်ဖြင့် အနိုင်ရရှိကြောင်းသတင်းရရှိသည်။

date: 
Tuesday, December 16, 2025 - 09:15