သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးရှိ ဌာနခွဲများ၏ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို အားကစားလှုပ်ရှားမှု၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ(ဒုတိယနေ့)ကျင်းပ

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးရှိ ဌာနခွဲများ၏ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားလှုပ်ရှားမှုအဖြစ် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲများကျင်းပရာ (၁၆-၁၂-၂၀၂၅) ရက်၊ နံနက်(၀၉:၃၀)နာရီအချိန်မှစ၍ ရုံးအမှတ်(၃၉)ရှိ ပိုက်ကျော်ခြင်းအားကစားကွင်း၌ ပိုက်ကျော်ခြင်း(အမျိုးသား) အုပ်စုလိုက်ပွဲစဉ်များ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ အုပ်စု(ခ)တွင် လေ့ကျင့်ရေးနှင့် သုတေသနဖွံ့ဖြိုးရေး ဌာနခွဲ(အနီ)အသင်းမှ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ(အဖြူ)အသင်းအား (၂/၁)ပွဲရလဒ်ဖြင့်လည်းကောင်း၊ စီမံခန့်ခွဲရေးဌာနခွဲ(စိမ်းပြာ)အသင်းအား (၂/၀)ပွဲရလဒ်ဖြင့်လည်း ပွဲရလဒ်၊ အုပ်စု(က)တွင် စစ်ဆေးရေးဌာနခွဲ(နက်ပြာ)အသင်းက သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနခွဲ(အပြာ)အသင်းအား (၂/၁)ပွဲရလဒ်အဖြစ်လည်းကောင်း အသီးသီးအနိုင်ရရှိကြောင်း သတင်းရရှိသည်။

date: 
Tuesday, December 16, 2025 - 14:30