နေပြည်တော်နှင့် မန္တလေးခရိုင်တို့တွင် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ဖမ်းဆီးရမိ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် ကြိုးဝိုင်း၊ကြိုးပြင်ကာကွယ်တောနှင့် သဘာဝ ထိန်းသိမ်းရေး နယ်မြေများဟူ၍ အဆင့်ဆင့်ခွဲခြား သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် တရားမဝင်သစ်နှင့်သစ်တော ထွက်ပစ္စည်းများ ခိုးယူထုတ်လုပ်ခြင်းလုပ်ငန်းများကို ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် စီမံချက် ချမှတ်၍ ဖမ်းဆီးအရေးယူ ဆောင်ရွ က်လျက်ရှိပါသည်။ နေပြည်တော်သစ်တောဦးစီးဌာနမှ တရားမဝင် သစ်နှင့်သစ်တောထွက်ပစ္စည်းဖမ်းဆီးရေး အဖွဲ့သည် (၁၇.၁၂.၂၀၁၃) ရက်နေ့တွင်ဇမ္ဗူသီရိမြို့နယ်သပြေကုန်းအဝိုင်းအရှေ့ဘက်မှ တရားမဝင် မီးသွေး(၄၅)ပေါင်ဝင် (၁၅)အိတ် (၂.၄)တန်အား ယာဉ်အမှတ်၂ဟ/၉၈၀၈ သုံးဘီးဆိုင်ကယ်နှင့် အတူ ဦးစိုးနိုင်ဝင်း (ယာဉ်မောင်း/မီးသွေးပိုင်ရှင်)၊ ရွှေကြာပင်ရပ် ဇမ္ဗူသီရိမြို့နယ်အား ဖမ်းဆီး မိ၍ သစ်တော ဥပဒေပုဒ်မ၄၁(က)အရလည်းကောင်း၊ (၂၁.၁၂.၂၀၁၃)ရက်နေ့တွင် လယ်ဝေး မြို့နယ်တွင် မြို့ရှောင်လမ်းရုံးပင် တံတားမြောက်ဘက်အနီးတွင် တရားမဝင် ကျွန်းသစ်/တိုင် (၃၅)လုံး (၁.၇၄၄၀)တန်အား ယာဉ်အမှတ်၊ ၉ဌ/၁၄၄၈၀ (ဖောကား)(၁)စီးနှင့်အတူ ယာဉ်မောင်း ဦးမောင်ထွန်း (ပျဉ်းမနား)မြို့နယ်နှင့် ယာဉ်ပေါ်ပါသူ (၃)ဦးတို့အား ဖမ်းဆီးရမိပြီး သစ်ပိုင်ရှင် ကိုနိုင်ဌေး(လယ်ဝေးမြို့နယ်)မှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် တရားခံများအား သစ်တော ဥပဒေပုဒ်မ၄၃(က)အရလည်းကောင်း အရေးယူထားကြောင်း သိရှိရသည်။ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်မှ သစ်တောဝန်ထမ်းများသည်(၁၅-၁၂-၂၀၁၃) ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ် အေသုံးလုံး ဘိလပ်မြေစက်ရုံအနီး ရဲရွာရေအား လျှပ်စစ်သွား ကားလမ်းပေါ်မှ တရားမဝင် တမလန်းဓားရွေ (၁.၄၃၄၆)တန်အား နံပါတ်မပါသော ထော်လာဂျီ နှင့်အတူ ယာဉ်မောင်း ဦးမောင်မြင့်၊ ပြင်ဦးလွင်မြို့တို့အား ဖမ်းမိ၍ သစ်ပိုင်ရှင်မှာ ဦးစိုးမင်း ပြင်ဦးလွင်မြို့တို့ဖြစ်ပြီး တရားခံ(၂)ဦးအား သစ်တောဥပဒေပုဒ်မ ၄၂(ခ)အရ လည်းကောင်း၊ (၂၀-၁၂-၂၀၁၃) ရက်နေ့တွင် မြောင်မြစ်တိမ်အင်းစပ် သရက်တပင်ကျေးရွာအနီးမှ တရားမဝင် အင်ပကာ(၅.၉၁၃၆)တန်အား ယာဉ်အမှတ်၂ခ/၈၇၃၂ ယူဒီကောင်တာ(၁)စီးနှင့်အတူ ယာဉ်မောင်း ဦးကျော်သူဝင်း ပုသိမ်ကြီး၊ သစ်ပိုင်ရှင်- ဦးဝင်းမြင့် ကသာမြို့တို့အား ဖမ်းမိ၍ သစ်တောဥပဒေ ပုဒ်မ၄၁(က)အရလည်းကောင်း၊ မန္တလေးခရိုင်မှ သစ်တောဝန်ထမ်းများသည် (၂၀-၁၂-၂၀၁၃) ရက်နေ့တွင် အမရပူရမြို့နယ်မှန်တန်းရပ် တိုးချဲ့(၄)ပဲ့ပါမင်းကြီး ဘုန်ကြီးကျောင်းအနီးမှ တရား မဝင် ပိတောက်နှင့် တမလန်း(၀.၆၃၈၆)တန်အား ယာဉ်အမှတ် ၁ခ/၉၀၂၆ အီးဇူးဇူး ယာဉ်မောင်း ဦးခင်မောင်ဝင်းတို့အား ဖမ်းမိ၍ သစ်တောဥပဒေပုဒ်မ ၄၂(ခ)အရ လည်းကောင်း အရေးယူထား ကြောင်း သိရှိရသည်။ အဆိုပါ နေရာ၌ပင် တရားမဝင် တမလန်းသစ် (၁၅.၄၆၈၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိကြောင်း သတင်းရရှိပါသည်။