ကျိုက်ထီးရိုး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများအား ပညာပေးဟောပြောပွဲများ ကျင်းပ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သဘာဝပတ်၀န်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနအနေဖြင့် သဘာဝထိန်းသိမ်းရေး နယ်မြေများဖြစ်သော အမျိုးသားဥယျာဉ်များနှင့် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောများအား ကာကွယ်ထိန်းသိမ်းရန်အတွက် သက်ဆိုင်ရာတာဝန်ကျဝန်ထမ်းများက ဒေသခံပြည်သူများအား ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိပါသည်။ သစ်တောဦးစီးဌာန၊ သဘာ၀ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန လက် အောက်ရှိဘေးမဲ့တောများသည် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများတွင် ဒေသခံပြည်သူ များပူးပေါင်းပါဝင်မှုရရှိရန်နှင့် သိမြင်နိုးကြားမှုရှိစေရန် ရည်ရွယ်၍ ပတ်ဝန်းကျင်ကျေးရွာများနှင့် စာသင်ကျောင်းများတွင် ပညာပေးဟောပြောပွဲများဆောင်ရွက်လျက်ရှိရာ ကျိုက်ထီးရိုး တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောမှ ဝန်ထမ်းများသည် (၁၈.၁၁.၂၀၁၃)ရက်နေ့တွင် ဘေးမဲ့တော၏ အနောက် ဘက်မဲရုံးကြီးကျေးရွာ၊ မူလတန်းလွန်ကျောင်း၌ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး ပညာပေးဟော ပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲသို့ ကျေးရွာဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကဒိုင်ဒွတ် ကျေးရွာအုပ်စု ဥက္ကဋ္ဌ ၊ ခလရ(၂) သိမ်ဇရပ်မှ တပ်မတော်သားများနှင့် ဒေသခံပြည်သူ စုစုပေါင်း (၈၆)ဦးတက်ရောက်ခဲ့ပြီး ဘေးမဲ့တောမှဝန်ထမ်းများက သဘာ၀ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနအကြောင်းနှင့် ကျိုက်ထီးရိုး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောလုပ်ငန်းများအ ကြောင်းကို ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။