ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း အား အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ Institute For International Development – IID မှ Director & Representative ဖြစ်သူ Mr. Joem Kristensen လာရောက်တွေ့ဆ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအား အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ Institute For International Development - IID မှ Director & Representative ဖြစ်သူ Mr. Joem Kristensen သည် (၁၀-၁-၂၀၁၄) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံပါသည်။
ထိုသို့ တွေ့ဆုံရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများသော ဦးအေးမြင့်မောင်၊ ဒေါက်တာ ဒေါ်သက်သက်ဇင်၊ စီမံကိန်းနှင့်စာရင်း အင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်း၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်၊ စီမံကိန်းနှင့်စာရင်းအင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်တို့ တက်ရောက်ကြပြီး ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေးအကာအကွယ်ပေးရေး စီမံကိန်း များ ဆောင်ရွက်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ Institute For International Development - IID အနေဖြင့် သစ်တောဦးစီးဌာနနှင့် ပူးပေါင်း၍ အကောင် အထည်ဖော်ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြရာတွင် ချင်းပြည်နယ်အတွင်းရှိ လူမျိုး စုများ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ မပျောက်ပျက်စေရေး၊ လူမှုရေးအကာအကွယ်ပေး ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေး၊ လမ်းပန်းဆက်သွယ် ရေးကောင်းမွန်စေရေးတို့အတွက် ဆောင်ရွက်ရမည့် အစီအမံများအား ဒေသခံလူမျိုးစုများ၏ လိုအပ်မှုအရ ရေးဆွဲနိုင်ရန် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်(၉)ခုမှ ဒေသခံများ၊ လူမှုအဖွဲ့အစည်း များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါ ကြောင်း၊ ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာကောင်းတစ်ခုဖြစ်သော ခရီး သွားလုပ်ငန်းအတွက် နတ်မတောင်အမျိုးသားဥယျာဉ်၊ ရိဒ်ရေကန်တို့တွင် လိုအပ်သော အဆောက်အဦးများ ဖြစ်ပေါ်လာရေး၊ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းရရှိလာစေရန် နတ်မတောင်တွင် ဆေးဖက်ဝင် သစ်ခွများစိုက်ပျိုးရေး၊ ပြည်ပစျေးကွက်ရှိသော ဝ ဥများ စနစ် တကျစိုက်ပျိုးရေး၊ ထင်းရှူးစိုက်ခင်းများ တည်ထောင်၍ ထင်းရှူးဆီထုတ်လုပ်ခြင်း၊ ပိုးစာပင် များစိုက်ပျိုး၍ ပိုးမွေးမြူခြင်းလုပ်ငန်းများ ဖော်ဆောင်ပေးနိုင်ပါကြောင်း၊ ရွှေ့ပြောင်းတောင်ယာ များအား အမြဲတမ်းတောင်ယာများအဖြစ်သို့ ပြောင်းလဲကျင့်သုံးနိုင်ရေးအတွက် အတွေ့အကြုံရှိ သည့် နိုင်ငံတကာအဖွဲ့အစည်းများ ICIMOD တောင်တန်းဒေသဘက်စုံဖွံ့ဖြိုးရေး၏ အကူအညီ များ ရယူဆောင်ရွက်ရေး၊ တိုင်းရင်းသားလူမျိုးစု ယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံမပျောက်ပျက်ရေး၊ လူမှုရေးအကာအကွယ်ပေးရေးအတွက် ဆောင်ရွက်ရာ၌ လူမျိုးစုတစ်စုအတွက် ဆောင်ရွက်သည့် အောင်မြင်မှု ဒီဇိုင်းပုံစံအရ ကျန်လူမျိုးစုများအတွက် ဆင့်ပွားဆောင်ရွက်သွားရန်တို့ကို လည်းကောင်း ဆွေးနွေးကြပါသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ရေးဆွဲပြီးသော အင်းလေး ကန်ရေရှည်ထိန်းသိမ်းရေး စီမံချက်အရ ဆက်လက်ဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြရာ အင်းလေးကန်၊ ရွာငံ၊ ပအို့ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အင်းလေး ကန်အုပ်ချုပ်မှုအဖွဲ့ Lake Authority ဖွဲ့စည်းရေးအတွက် ဒေသခံအာဏာပိုင်အဖွဲ့အစည်းနှင့် ဆက်စပ်ဝန်ကြီးဌာနများ ပေါင်းစပ်ဖွဲ့စည်းရေးတို့ကို တင်ပြဆွေးနွေးကြကြောင်း သိရှိရပါသည်။