တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောများနှင့် အမျိုးသားဥယျာဉ်တို့ဝန်းကျင်ရှိကျေးရွာများနှင့် စာသင်ကျောင်းများတွင် ပညာပေးဟောပြောပွဲများကျင်းပ

ဇီဝမျိုးစုံမျိုးကွဲများသည် လူသားနှင့် သဘာဝဝန်းကျင် ညီညွတ်မျှတမှုကိုဖန်တီးပေးသည့် အပြင် လူသားတို့အတွက် အစားအစာများ၊ ဆေးဝါးများ၊ သစ်တောထွက်ပစ္စည်းများနှင့် စက်မှုကုန်ကြမ်းများစသည်တို့ဖြင့် ပံ့ပိုးပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ သဘာ၀စနစ် ကွဲပြားမှု များပြားသည့်အတွက် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများတွင် ဒေသခံပြည် သူများပူးပေါင်းပါဝင်မှုရှိလာစေရန်နှင့် သိမြင်နိုးကြားမှုရရှိစေရန်ရည်ရွယ်၍ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် ပညာပေးဟောပြောပွဲများ ကိုဆောင်ရွက်လျက်ရှိပါသည်။ သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနသည် ဘေးမဲ့တောများနှင့် အမျိုးသားဥယျာဉ်များတွင် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး လုပ်ငန်းများ တွင် ဒေသခံပြည်သူများပူးပေါင်းပါဝင်မှုရရှိရန်နှင့် သိမြင်နိုးကြားမှုရှင်သန်စေရန် ရည်ရွယ်၍ ပညာပေးဟောပြောပွဲများဆောင်ရွက်လျက်ရှိရာမိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောမှ ဝန်ထမ်းများသည်(၂၅-၁၂-၂၀၁၃)ရက်နေ့တွင် တာဂွကျေးရွာ၌ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်း ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ (၁၉-၁-၂၀၁၄)ရက်နေ့တွင် ရွှေဥဒေါင်းတောရိုင်းတိရစ္ဆာန်ဘေး မဲ့တောမှ ဝန်ထမ်းများသည် မိုးကုတ်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာအုပ်စုအောင်ပဒါန်း ကျေးရွာပြည်သူ့ခန်းမနှင့် စိန်အင်းကျေးရွာအခြေခံပညာမူလတန်းကျောင်းတို့တွင် ဇီဝမျိုးစုံမျိုး ကွဲထိန်းသိမ်းရေး၊ ကျူးကျော်တောင်ယာပပျောက်ရေး၊ တန်ဖိုးမြှင့်နှစ်ရှည်သီးနှံပင်များ အစား ထိုးစိုက် ပျိုးလာရေးနှင့် “သစ်တောသစ်ပင်တို့ချစ်ခင် အစဉ်ထာဝရထိန်းသိမ်းကြ” ခေါင်းစဉ် တို့ဖြင့် လည်းကောင်း၊ (၂၁-၁-၂၀၁၄) နှင့် (၂၂-၁-၂၀၁၄) ရက်နေ့တို့တွင် အလောင်းတော် ကဿပအမျိုးသားဥယျာဉ်မှ ဝန်ထမ်းများသည် ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ယင်းသွင်ကျေး ရွာနှင့် စိုင်တဲကျေးရွာများတွင် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာထိန်းသိမ်းခြင်း၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများ ခေါင်းစဉ် ဖြင့် အသီးသီးဟောပြောခဲ့ကြပါသည်။ အဆိုပါ ဟောပြောပွဲများသို့ ဒေသခံပြည်သူများ၊ ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများစုစုပေါင်း(၁၀၄၂)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရသည်။