(၁၅.၄.၂၀၁၄) ရက်နေ့ (၂၁:၀၀) နာရီအချိန်မန္တလေး-ပြင်ဦးလွင် လမ်း၊ အေးရှားဝေါလ်တိုးဂိတ်အနီး ခမ မပည 93 C / 5F 763502 ၌ ဖမ်းဆီးရမိသည့် တရားမဝင်တမလန်းများ တင်ဆောင်ထားသော သင်္ကြန်အလှပြယာဉ

တရားမဝင်သစ် ဖမ်ဆီးသည့် ကိစ္စနှင့်ပတ်သက်၍ ၁၅-၄-၂၀၁၄ ရက်နေ့ ည(၂၁:၀၀)နာရီ အချိန်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ခရီးသွား လာခြင်း (ရှမ်းပြည်နယ်) အမည် ဖြင့်သင်္ကြန်အလှပြယာဉ်များတွင် တရားမဝင် တမလန်းသစ်များ သယ်ဆောင်လာကြောင်း သတင်း ရရှိသဖြင့် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးဝင်းနိုင်-၄၊ မန္တလေးခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးသိန်းတိုး၊ ပုသိမ်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင့်ခိုင်၊ ဦးစီးအရာရှိ ဦးကျော်ဇင်ထွန်း အပါအဝင် (၁၁)ဦး၊ မန္တလေးတိုင်းဒေသကြီး၊ ဒုစရိုက်နှိမ်နှင်းရေးတပ်ဖွဲ့မှ ရဲအုပ် ရဲမြင့်၊ ပုသိမ်ကြီး မြို့နယ်၊ အုန်းချော ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒု-ရဲအုပ် အောင်အောင် (လ-၁၉၂၈၅၂) အပါအဝင်(၄)ဦး၊ ကျောက်ချောကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဦးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ မန္တလေး-ပြင်ဦးလွင်လမ်း အေရှားဝေါလ်တိုးဂိတ်အနီး ခန့်မှန်းမြေပုံညွှန်း ( 93 C/5F 763502 ) ရပ်တန့်ထားသော သင်္ကြန်အလှပြယာဉ် ၁၂ ဘီး(၄)စီး၊ ၁၀ ဘီး(၂)စီး၊ ၆ ဘီး(၁)စီးတို့အား စစ်ဆေး ရာတရားမဝင် တမလန်းသစ်များ စုစုပေါင်း ခန့်မှန်း တန်(၄၀)ခန့် သယ်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါကားများအား ပုသိမ်ကြီးမြို့နယ်၊ ဦးစီးအရာရှိသစ်တောရုံးဝန်း အတွင်းသို့ သယ်ဆောင်ထားရှိပြီး သစ်တောဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိပြီး ထွက်ပြေး တိမ်းရှောင်သွားသူများ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိပါသည်။ ၂။ အဆိုပါမော်တော်ယာဉ်အား ဦးဆောင်လာသူမှာ တရားခံဖြစ်သော ဦးစိုင်းဟန်ခန်းခေါင်အား ပုသိမ်ကြီးမြို့နယ်၊ ရဲစခန်းတွင် ထိန်းသိမ်းထားပြီး အမှုစစ်ဆေးလျှက်ရှိပါကြောင်းနှင့် အမှုအားထိ ရောက်စွာ အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်လျှက်ရှိပြီး၊ ၎င်းသည် နမ့်ခမ်းမြို့နယ်၊ စယ်လန့်ရွာ ဇာတိဖြစ်ပြီး ၂၀၁၀-၂၀၁၁ ခုနှစ်တွင် မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ တောအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ပြီး၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် သို့ပြောင်းရွှေ့တာဝန်ချထားရာ ခွင့်မဲ့ပျက်ကွက်မှုဖြင့် ၂၀၁၃ ခုနှစ်တွင် ရာထူးမှ ထုတ်ပယ်ခံထားရ သူတစ်ဦးဖြစ်ပါသည်။ ၃။ ဖမ်းဆီးရမိသော တရားမဝင်သစ်သယ်ဆောင်သည့် ကားများတွင် ၁၂ ဘီးကား(၄)စီးသည် သင်္ကြန်အလှပြယာဉ်များဖြစ်ပြီး ဘေးပတ်ပတ်လည်၌ ‘Our Forest’ ‘Our Future’ ‘Nature Lovers for Future’ Sai han Kham Khaung, B.Sc(Forestry), Volunteer Group Leader, Travelling For Nature Conservation, (Shan State) များရေးထားပြီး ၈ဆ/၅၃၂၈ ယာဉ်၏ လေကာမှန်အောက်တွင် အမျိုးသားဒီမိုကရက်တစ်တပ်မတော်၊ (ထာဝရ)ငြိမ်းချမ်းရေး တပ်ဖွဲ့၊ NDA ဌာနချုပ် ရုံးခွဲ(အထက်မြန်မာပြည်) စာတမ်းများပါ Logo များ တပ်ဆင်ထားသည် ကိုတွေ့ရှိရပါသည်။