ကလောမြို့နယ်အားထင်းရှုးမြို့တော်အဖြစ်ရေရှည်တည်တံ့စေရေးကြိုးပမ်းဆောင်ရွက္

မြန်မာနိုင်ငံသည်မြောက်ဘက်စွန်း ရေခဲဖုံးတောင်တန်းများမှအစပြု၍ တောင်ဘက်စွန်း ပင်လယ် ကမ်းရိုးတန်းအထိ သဘာဝပထဝီအနေ အထားခြားနားမှု၊ ရာသီဥတု ကွဲပြားခြားနားမှုတို့ကြောင့် အဖိုးတန် သစ်တောကြီးများသာမက ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်မျိုးစုံလည်း ပိုင်ဆိုင်သည့် နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် ခေတ် အဆက်ဆက် အစိုးရလက်ထက်တွင် သစ်တောသယံဇာတများ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရေး အတွက် မြန်မာ့သစ်တောများကို ခေတ်စနစ်နှင့်အညီ စီမံအုပ်ချုပ်လုပ်ကိုင်ဆောင်ရွက်သည့်အပြင် ဇီဝ မျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းရေး၊ ဂေဟစနစ်တည်ငြိမ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ကောင်းမွန် စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် သည် ပင်လယ်ရေမျက်နှာပြင်အထက် (၄၃၁၅)ပေ တွင်တည်ရှိသည့် တောင်စခန်းမြို့တစ်မြို့ ဖြစ်သည့် အားလျော်စွာ တောင်ပေါ်ဒေသအထိမ်းအမှတ်သင်္ကေတဖြစ်သည့် ထင်းရှူးပင်များ သဘာဝအလျှောက် ဖြစ်ထွန်းရာ ထင်းရှူးမြို့တော်အဖြစ် ရေရှည်တည်တံ့စေရေးအတွက် ဒေသခံပြည်သူလူထု၏ ပူးပေါင်း ပါဝင်မှုဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။ အဆိုပါလုပ်ငန်းများ အရှိန်အဟုန်ဖြင့် အောင်မြင်စွာ အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရေး အတွက် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် အစိုးရ အဖွဲ့အစည်းအဝေးခန်းမတွင်ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ လယ်ယာ၊ သားငါး၊သစ်တောကဏ္ဍဆပ်ကော်မတီဥက္ကဌနှင့် ဒုဥက္ကဌများဖြစ်သည့် လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ သစ်တောနှင့် သတ္တု ဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ ရှမ်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ခံဝန်ထမ်းများ တက် ရောက်ကြကြောင်းသိရှိရသည်။ အစည်းအဝေး၌ ဝန်ကြီးချုပ်ကပြောကြားရာတွင် ကလောမြို့နယ်အား ထင်းရှူးမြို့တော်ဖြစ်ရေး အတွက် ၁၉၉၆ ခုနှစ် မှ စ၍ စီမံချက်များရေးဆွဲ ဆောင်ရွက်ခဲ့ကြောင်း၊ လူဦးရေတိုးတက်မှု၊ ဒေသဖွံ့ဖြိုး တိုးတက်လာမှုစသည့် အကြောင်းအမျိုးမျိုးကြောင့်ထင်းရှူးတောများလျော့နည်းလာရကြောင်း၊ ကလော မြို့နှင့်ပတ်ဝန်းကျင်တွင်ထင်းရှူးတောများပြန်လည်ထိန်းသိမ်းရေး၊ ထင်းရှူးစိုက်ခင်းများပြန်လည်တည် ထောင် ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားပါသည်။ ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရှမ်း ပြည်နယ်တွင်ထင်းရှူးစိုက်ခင်းစုစုပေါင်း(၄၈၇၂၅)ဧကစိုက်ပျိုးတည်ထောင်ပြီးဖြစ်ကြောင်း၊ ကလောမြို့ နယ် တွင်(၁၆၈၇၈)ဧကရှိကြောင်း၊ ထင်းရှူးသစ်မျိုးအပါအဝင် သစ်မျိုး (၂၀)ကို ထိန်းသိမ်းကာကွယ်ရ မည့်တားမြစ်သစ်ပင်များအဖြစ်အမိန့်ကြော်ငြာစာထုတ်ပြန်၍သတ်မှတ်ကာကွယ်ထားပါကြောင်း၊ထင်းရှူး မြို့တော် ဖြစ်ပေါ်လာစေရေးအတွက် ကလောမြို့နှင့်(၅) မိုင် ပတ်လည်တွင် ထင်းရှူးစိုက်ခင်းများတည် ထောင်ခြင်းနှင့် သဘာဝထင်းရှူးတောများ ထိန်းသိမ်းခြင်းလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆက်လက် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အားနည်းချက်၊အားသာချက်များကို ဖေါ်ထုတ်ပြီး ဆက်စပ်ဌာနများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်နှင့် ဒေသခံပြည်သူများက ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။ ၎င်းနောက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ မြေအသုံးချမှု မှန်ကန်စေရေး ကိစ္စရပ်များနှင့် ပြည်သူလူထုဥပဒေရေးရာ အသိပညာတိုးပွားရေးဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ ကလောမြို့နယ်အား ထင်းရှူးမြို့တော်ဖြစ်ရေးအတွက် ဆောင် ရွက်ရမည့် ကိစ္စများအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြောင်းသိရသည်။ နေ့လည်ပိုင်းတွင် ဒုတိယဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့်အဖွဲ့သည် ကလော မြို့နယ်၊ သာမိုင်းခမ်းဒေသ မြေအသုံးချမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေး၍ ကလောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့၊ မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ၊ စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူပြုအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။ ထိုသို့ ဆွေးနွေးရာတွင် ထင်းရှူးမြို့တော်ဖြစ်ရေးအတွက် ဒေသခံပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း၊ တည်ဆဲဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အကောင်အထည်ဖေါ်ရန် လည်း လိုအပ်ကြောင်း၊ တောင်ပေါ်ဂေဟစနစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ထင်းရှူးမြို့တော် ဖြစ်ပေါ် လာပါက ရေ၊ မြေ၊ ရာသီဥတု ပိုမိုကောင်းမွန်၍ စိုက်ပျိုးရေးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများတိုးပွား၍ လူမှုစီးပွာရေးဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ထင်းရှူးမြို့တော် ဖြစ်ပေါ် လာစေရေးအတွက် ဒေသခံပြည်သူများ၊ ဆက်စပ်ဌာနများအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်းသိရသည်။ လယ်ယာ၊သားငါး၊သစ်တောကဏ္ဍဆပ်ကော်မတီ ဒုတိယဥက္ကဌ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်သည် ကလောမြို့သို့ရောက်ရှိစဉ် ရှမ်းပြည်နယ်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျှက် အင်းပြင်သစ်တောပျိုးဥယျာဉ်၊ တောင်လေးလုံးသစ်တောသုတေသနစခန်းနှင့် စီးပွားရေးထင်းရှူးစိုက်ခင်း( ၁/၂၀၁၀) ရှင်သန် အောင်မြင်မှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး၍ ထင်းရှုးသစ်မျိုးများပိုမို တိုးချဲ့ပျိုး ထောင်ရန်၊ သုတေသန ရလဒ်များအားလက်တွေ့နယ်ပယ်တွင် အသုံးချနိုင်ရေးအတွက် ဦးတည်ဆောင် ရွက်ရန်၊ စိုက်ခင်းထိန်းသိမ်းရေး လုပ်ငန်းများ၊ မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းများ၊ ဒေသခံပြည်သူလူထု အသိပညာပေးရေးလုပ်ငန်း များကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ မိမိတို့၏ ဥပဒေ၊ မူဝါဒများနှင့် လုပ်ငန်းစဉ်များအား အောက်ခြေ အဆင့်ဆင့်အထိနားလည်သိရှိစေရေးရှင်းလင်းချပြရန်၊ ပြည်သူများ ဥပဒေကိုလိုက်နာစေရေးကြိုးပမ်း ရန် လိုအပ်သကဲ့သို့ ဥပဒေမှ ပေးအပ်သော အခွင့်အလမ်းများကို ပြည်သူများ ပြည့်ပြည့်ဝဝခံစားနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးရန်၊ ကလောမြို့နယ်အား ထင်းရှူး မြို့တော်အဖြစ် ရေရှည်တည်တံ့စေရေးအတွက် ဆက်စပ်ဌာနများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။